ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ငြိမ်းချမ်းသာယာရပ်ကွက်ရှိ လူနေအိမ်သို့လက်နက်ကြီး ယနေ့ ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် လူနေအိမ် ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပါ။
ယမန်နေ့ ဖေဖော်ဝါရီလ (၁၃) ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ မော်ဝမ်းကြီးကျေးရွာအနီး၊ ရှရော်ခ (တောင်ပြိုကျေးရွာ) ၌ ကလေးငယ်များ မြေမြှုပ်မိုင်း ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကလေးငယ် (၁) ဦး သေဆုံးကာ (၃) ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။
ဖားကန့်ဒေသအတွင်း လက်နက်ကြီး ပစ်ခတ်မှုများနှင့် မိုင်းအန္တရာယ်များ နေ့စဉ်နေ့အမျှ ဖြစ်ပွားလျက်ရှိသောကြောင့် ပြည်သူများအနေဖြင့် အထူးသတိပြု နေထိုင်သွားကြရန် နှိုးဆော်အပ်ပါသည်။




ကလေးငယ်များ မြေမြှုပ်မိုင်း ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကလေးငယ် (၁) ဦး သေဆုံးကာ (၃) ဦး ဒဏ်ရာပြင်းထန်စွာ
Photos: crd