KHRW

Kachin Human Rights Watch

ဖားကန့်တွင် စာသင်ကျောင်းနှင့် ကျေးရွာများ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ၊ ကလေးငယ်များအပါအဝင် ၁၇ ဦး ဒဏ်ရာရရှိ

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၂) ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ဖားကန့်မြို့အခြေစိုက် စစ်ကောင်မရှင်တပ်၏ ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဖားကန့်မြို့၊ မြို့မရပ်ကွက်နှင့် ငှက်ပျောတောရပ်ကွက်အစပ်ရှိ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် KG ကျောင်းဆောင် ထိခိုက်ပျက်စီးခဲ့ပြီး အသက် (၁၀) နှစ်အရွယ် ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင်  ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက် တွင်လည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အရပ်သားပြည်သူတစ်ဦး ခြေထောက်နှစ်ဖက် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။​

ဆက်လက်၍ ဖေဖော်ဝါရီလ (၃) ရက်နေ့ နံနက်ပိုင်းတွင်လည်း အဆိုပါ ဗျူဟာကုန်းမှ မိုးကာကျေးရွာ (ဆိုင်းတောင်အထက်ပိုင်း)သို့ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူ (၂) ဦး သေဆုံးခဲ့သည်။ သေဆုံးသူများထဲတွင် အသက် (၁၃) နှစ်အရွယ် ကလေးငယ်တစ်ဦး ပါဝင်ပြီး အခြားပြည်သူ(၁၄) ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“ယခုကဲ့သို့ စာသင်ကျောင်းအပါအဝင် နေရာအနှံ့အပြားကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းသည် အလွန်ဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိနေပါသည်။” ဟု KHRW ပြောရေးဆိုခွင့်ရှိသူ ကိုဂျေကော့ကပြောပါသည်။​

Photos Crd

KHRW

Kachin Human Rights Watch (KHRW) was established in 2021.
It is a nonprofit and non-governmental organization.

Quick Links