KHRW

Kachin Human Rights Watch

ကချင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ လစဉ်အစီရင်ခံစာ (မတ်လ–ဧပြီလ ၂၀၂၆)

နိဒါန်း

ဤလစဉ်အစီရင်ခံစာသည် ၂၀၂၆ ခုနှစ် မတ်လမှ ဧပြီလအတွင်း ကချင်ပြည်နယ်ရှိ လူ့အခွင့်အရေးအခြေအနေများ၊ လုံခြုံရေးဆိုင်ရာဖြစ်စဉ်များနှင့် အရပ်သားပြည်သူများအပေါ် သက်ရောက်မှုများကို စုစည်းတင်ပြထားခြင်းဖြစ်သည်။ အဆိုပါကာလအတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ ဖမ်းဆီးမှုများနှင့် အမည်မသိလက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းနှင့် ဖမ်းဆီးမှုများ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။

အထူးသဖြင့် ဖားကန့်၊ မြစ်ကြီးနား၊ ဗန်းမော်နှင့် မိုးညှင်းဒေသများတွင် ပြည်သူများ၏ အသက်အိုးအိမ်နှင့် နေ့စဉ်အသက်မွေးဝမ်းကျောင်းများအပေါ် ပြင်းထန်သော ထိခိုက်နစ်နာမှုများ တွေ့ရှိရသည်။ စစ်ရေးပဋိပက္ခများနှင့် လက်နက်ကိုင်အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဒေသခံပြည်သူများသည် ကြောက်ရွံ့စိုးရိမ်မှုများအောက်တွင် နေထိုင်နေရပြီး အခြေခံလူ့အခွင့်အရေးများလည်း ချိုးဖောက်ခံနေရသည်။ ဤကဲ့သို့ အခြေခံအခွင့်အရေးချိုးဖောက်ခံနေရသော်လည်း တရားမျှတမှု ယနေ့အချိန်ထိ မရရှိနေသည်ကို တွေ့ရသည်။​ ၂၀၂၆ ခုနှစ် မတ်လမှ ဧပြီလအတွင်း  ရရှိထားသော အချက်အလက်များအရ ၂၀၂၆ ခုနှစ် မတ်လမှ ဧပြီလအတွင်း အနည်းဆုံး ပြည်သူ ၃၀ ဦး သေဆုံးခဲ့ပြီး၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ၊ ၄၂ ဦး ဖမ်းဆီးခံခဲ့ရသည်။ ဤအစီရင်ခံစာသည် ထိုဖြစ်စဉ်များကို မှတ်တမ်းတင်ခြင်းအားဖြင့် အရပ်သားကာကွယ်ရေး၊ တာဝန်ခံမှုရှိစေရေးနှင့် လူ့အခွင့်အရေးလေးစားလိုက်နာရေးတို့အတွက် အထောက်အကူပြုရန် ရည်ရွယ်သည်။

Pdf file download: click here

photos: local, crd

KHRW

Kachin Human Rights Watch (KHRW) was established in 2021.
It is a nonprofit and non-governmental organization.

Quick Links